Artwork for podcast Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
လျှောက်သောလမ်းတိုင်း ဖြူးပါစေ
Episode 1210th August 2022 • Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) • Insight Myanmar
00:00:00 00:55:09

Share Episode

Shownotes

သူအမည်ကား ကိုစိုး။ တချိန်က ကိုယ်ပိုင် company တစ်ခုကို ကြိုးစားတည်ထောင်ပြီး အောင်မြေသို့ ရွတ်လွှင့်နေသော လူငယ်တစ်ယောက်။ စစ်အာဏာရှင် မင်းအောင်လှိုင်၏ကျေးဇူးဖြင့် တဖက်နိုင်ငံသို့‌ ထွက်ပြေးတိမ်းရှောင်နေရသူ။

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက်အောက်တွင် မွဲပြာကျနေခဲ့သည်။ အတော်အသင့်လွတ်လပ်ပြီး ပြန်လည်ဦးမော့ဖို့ အရာရာ အားယူနေရချိန်တွင် ဖြတ်ရိုက်ချခံရသလို ကိုစိုးခံစားရသည်။ လူငယ်များ၏အနာဂါတ်ကား ရေစုန်မျောပြီဟု သူနားလည်ထားသည်။ ထို့ကြောင့် နည်းစုံလမ်းစုံဖြင့် သူတော်လှန်သည်။

Digital တော်လှန်ရေးမှ ငြိမ်းချမ်းစွာတော်လှန်ရေး၊ ထို့နောက် လက်နက်ကိုင်တော်လှန်ရေးဆီသို့ သူဆက်သွားခဲ့သည်။ အဖွဲ့အစည်းမျိုးစုံဖြင့် ထိတွေ့ခဲ့ရပြီး အခြေခံသဘောသဘာကို ခြုံငုံမိလာချိန်တွင် သူနားလည်သော တော်လှန်ရေးကို သဘောပေါက်လာခဲ့သည်။

နွေဦးတော်လှန်ရေးမှ မွေးဖွားလာသူပီပီ တော်လှန်ရေးအစိုးရ NUG ကို အစိုးရတရပ် ပီပီပြင်ပြင် ဖြစ်စေချင်သူ၊ တိုင်းရင်းသားသွေးပါသော ကပြားတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်တွင် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုကို အခြေခံသော စနစ်ကို မျှော်လင့်နေသူ၊ တော်လှန်ရေး မကြာခင်ပြီးဆုံးတော့မည်ဟုလည်း မျှော်လင့်နေသူ။

သူ၏ ဘ၀အ‌တွေ့အကြုံများနှင့် တော်လှန်ရေးအပေါ် ခံယူချက်များကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် ၀င်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။

Links

Chapters

Video

More from YouTube