Artwork for podcast Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
ဒီမိုကရေစီ နှင့် ဗုဒ္ဓဘာသာ
Episode 1611th September 2022 • Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) • Insight Myanmar
00:00:00 01:08:40

Share Episode

Shownotes

ဆရာ‌တော်၏ ဘွဲ့ကား အများသူငှာနှင့် မစိမ်း၊ အရှင်မင်းသုည ဗုဒ္ဓတက္ကသိုလ် ပင်။ ဆရာတော်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပင် ဖြစ်လင့်ကစား ခေတ်ဆန်သည်။ လူငယ်တွေ၏ သဘောသဘာ၀ကို နားလည်သည်။ ဘာသာရေးအပေါ် ခုတုံးလုပ်သော သံဃာတော်များကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်တတ်သူလည်း ဖြစ်သည်။

လက်ရှိနိုင်ငံရေးနှင့် သံဃာများ နိုင်ငံရေးမလုပ်ရဟူသော စည်းမျဉ်းကား ဘုရားဝိနည်းမဟုတ်၊ စစ်အာဏာရှင်၏ ဂျင်းဟု မိန့်သည်။ နိုင်ငံအရေးသည် အများသူငှာ အေးချမ်းရေးဖြစ်သည်၊ မြတ်စွာဘုရားသည်ပင်လျှင် အများသူငှာ ချမ်းသာစေရေးကိုသာ ရှေးရှုပြီး အမြဲဆုံးမ သွန်သင်တတ်သူဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

ဆရာတော်သည် လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သတ်၍ အကောင်းဆုံးရှင်းပြဆုံးမသွားခဲ့သည်။ ဆရာတော်၏ ဆောင်ပုဒ်ကား ဘာသာမဲ့ချင်မဲ့ပါ၊ တရားဓမ္မ မမဲ့ပါနဲ့ ဟူ၏။

အရာရာကို ၀ဠ်ကြွေး ၊ ဆုတ်ကပ် ဖြစ်နေကြသော အမှောင်ဖုံးသူတော်ကောင်းများကိုလည်း ပြောကြားသွားသည်မှာ ထုံးကို နှိုက်၍ ဖြူပြီး မီးသွေးနှိုက်၍ မဲရသည်မှာ ကံမဟုတ်ဘဲ မိမိပြုသော အမှုသာဖြစ်ကြောင်း၊ စစ်အာဏာရှင်ကို ကြောက်ရွံ့စိတ်နှင့်မိမိအသိဉာဏ်နည်းပါးမှုတို့ကို လျစ်လျူရှု၍ ကံကိုချည်း အပြစ်ဖို့မနေသင့်ကြောင်း စုံစုံလင်လင် ပြောပြသွားခဲ့သည်။

ငရဲဖြင့်ခြောက် နတ်ပြည်ဖြင့် မြောက်တတ်သော သူများ၏ ဂျင်းများမှ လွတ်ကင်း၍ စစ်မှန်သော တရားဓမ္မကို နားလည်သဘောပေါက်ဖို့ ပိုမိုအားထုတ်သင့်ကြောင်း သေသေချာချာရှင်းပြခဲ့သည်။ ထို့သို့သော ဘုရားသားတော်တပါး၏

ဒီမိုကရေစီ ဆန်သော ဆွေးနွေးချက်များကို

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်မည်ဖြစ်ပါသည်။

Links

Chapters

Video

More from YouTube