Artwork for podcast Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
Episode #19: ရိုးရှင်းသော‌ ပြည်သူနှင့် ရှုပ်ထွေးသော တော်လှန်ရေး
Episode 1918th October 2022 • Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) • Insight Myanmar
00:00:00 00:44:08

Share Episode

Shownotes

ကိုပုလေးက လူငယ်တက်ကြွသူတစ်ယောက်။ သူ၏အမြင် အတွေးကား ရိုးရှင်းသည်။ သူယုံကြည်ရာကို သူလုပ်သည်။ ရပ်ရွာအကျိုးလည်း လက်မနှေး။မိသားစုကို သိတတ်သောသူ ဖခင်တစ်ယောက်လည်း ဖြစ်သည်။ တနေ့ သူမမျှော်လင့်ထားသည့်အခြေအနနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့သည်။

အာဏာသိမ်းပြီး သူသေချာတွေးမိသည်။ သူအနေနဲ့ အဆင်ပြေနိုင်သေးသော်လည်း သူ့သူငယ်ချင်းတွေ အလုပ်ပြုတ်ကြသည်။ ထမင်းငတ်ကြသည်။ သူ့အလုပ်သမားအချို့ ဖြုတ်ရတော့သည်။ ထို့နောက် သူမိသားစုနှင့် တိုင်ပင်၍ သားငယ်ကို နမ်းကာ အာဏာရှင်တို့ခင်းသော ဆူးလမ်းကို အမှန်တရားအတွက် လျှောက်တော့သည်။


နိုင်တာအကုန်လုပ်သည်။ ဆန္ဒပြသည်။ စစ်သင်တန်းတက်သည်။ လိုအပ်သူတွေကို ကြည့်သည်။ သို့သော် စစ်တပ်က သူ့ကိုအလွတ်မပေး။ စစ်ခွေးဆ်ုသည့်အတိုင်းအနံ့ရသည့်နေရာ အကုန်လိုက်သည်။


သူကံကောင်းသည်။ မိတ်ဆွေကောင်းတွေကြောင့် လွတ်ရာသို့ အပြေးလှမ်းနိုင်ခဲ့သည်။ တော်လှန်ရေးကား အားလုံးသိသည့်အတိုင်း အရင်းအနှီးကြီးသည်။ ထိုအရင်းအနှီးများကို သူ မြုပ်နှံပြီးဖြစ်သည်။


တော်လှန်ရေးအတွက် သူနောက်မဆုတ်။ ရှေ့သို့သာ တလှမ်းချင်းတိုး၍တိုး၍သွားသည်။ သူ့ဘ၀နှင့် စူ့ခံယူချက်ကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် တွေ့နိုင်ပါသည်။

Links

Chapters

Video

More from YouTube