Artwork for podcast Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
မြို့ပြစစ်ဘေး သက်မရွေး
Episode 2022nd November 2022 • Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) • Insight Myanmar
00:00:00 00:38:15

Share Episode

Shownotes

Episode #20: ကရင်တိုင်းရင်းသူ အမိုးဖေါ။ သူမကား ပညာတတ်တစ်ယောက်။ ၈၈ မတိုင်ခင်က ပညာတတ်ရှားသည်။ တော်ရုံသူ ဆယ်တန်းမအောင်။ သို့သော် သူမ မိဘကံကောင်းသည်။ ငယ်စဉ်ကပင် ရန်ကုန်ရောက်ပြီး ပညာရေးကို ကြိုးစားခဲ့သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီး သာယာသော မိသားစုနှင့်သူမ။

မင်းအောင်လှိုင် အာဏာမသိမ်းခင်အထိ အကုန် အဆင်ပြေသည်။ သို့သော် စစ်အာဏာရှင်၏ စနက်ကို မည်မှ ပြေးမလွတ်၊ အကုန် ခါးစည်းခံကြရသည်။ သူမ၏ သားတစ်ယောက် သမီးနှစ်ယောက် သုံးယောက်လုံး ဆန္ဒပြပွဲတွင် ရှေ့ဆုံးက ပါသည်။ သမီးကြီးက ပိုဆိုးသည်။ သမဂ္ဂဥက္ကဌဖြစ်သင့်အပြင် စစ်သင်တန်းပါ သွားတက်သေးသည်။ ဤသို့ဖြင့် အိမ်၊ကား၊နေရာ အကုန်စွန့်ပြေးရတော့သည်။


သားသမီးများအတွက် အကုန် ပြင်ဆင်ပေးထားသမျှ သဲထဲရေသွန်ဖြစ်ကာ ခင်ပွန်းသည်ကလည်း ကျန်းမာရေးမကောင်းပေ။ ထို့အပြင် အခြားနိုင်ငံသို့ ခိုး၀င်အဖြစ် တိမ်းရှောင်ရပြန်သည်။ ပြေးရသူတို့၏ အိပ်မက် တတိယနိုင်ငံအိပ်မက်ကို မိသားစုနှင့် အမိုး မက်သည်။

သို့သော် ရွှေပြည်တော်ကား မျှော်တိုင်း ဝေးနေသေးသည်။ အမိုး၏ အိပ်မက်များ အမြန်ဆုံးအကောင်အထည်ပေါ်စေရန်

#တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် မှ ဆုတောင်းပေးရင်း အားပေးရပ်တည်လျက်။

Links

Chapters

Video

More from YouTube