Artwork for podcast Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
Episode #23: အလှတရားများပေါင်းစုရာ၊ သို့မဟုတ် ဒုက္ခ ပင်လယ်ဝေရာ နေရာ
Episode 2313th December 2022 • Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) • Insight Myanmar
00:00:00 01:16:10

Share Episode

Shownotes

ကိုဒေးဗစ်၏ မွေးရပ်မြေကား ချင်းပြည်နယ်။ အလွန်လှသော ပတ်၀န်းကျင်နှင့်အလွန်ရိုးသားကြိုးစားသော လူများရှိရာနေရာ။

စား၀တ်နေရေးအတွက် မွေးမြူရေး၊စိုက်ပျိုးရေးကို တစိုက်မတ်မတ် အားကြိုးမာန်တက် လုပ်ကိုင်ကြပြီး ပညာရေး၊ ကျန်းမာရေးကို ခက်ခက်ခဲခဲ ကြိုးစားကြရသော နေရာ။

စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနိုပ်မှုကို ခါးစီးခံပြီး ဘ၀ကို ခက်ခက်ခဲခဲ အသက်မွေးရသော နေရာ။


ကိုဒေးဗစ်ဟာ သူ့ဘ၀ကို အရှုံးမပေး၊ ဆရာ၀န်တစ်ယောက်ဖြစ်လာသည်အထိ ရုံးကန်ခဲ့သည်။ ထို့နောက် မွေးရပ်မြေကို ပြန်ပြီးအလုပ်အကျွေးပြုသည်။ ကျန်းမာရေး ပညာရေး ချို့တဲ့သော သူ့လူမျိုးတိုးတက်ရေးအတွက် အလွန်ကြိုးပမ်းအားထုတ်နေသူလည်း ဖြစ်ပါတယ်။


လက်ရှိတော်လှန်ရေးမှာ ချင်းတောင်တန်းဒေသဟာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နေသော နေရာတစ်ခုဖြစ်ပြီး အကျိုးဆက်အနေနဲ့ အစားအစာ ၊ဆေးဝါးနဲ့ ထောက်ပံ့ရေးပစ္စည်းမှန်သမျှကို ဖြတ်တောက်ခံနေရတဲ့နေရာလဲဖြစ်ပါတယ်။


ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးပင်ရှာမရ၊ မရှိ၊ရှိတာသုံးပြီး ရှေ့ဆက်နေသော သူတို့ရဲ့ဘ၀၊ လွတ်လပ်ရေးရပြီးကတည်းက ဆုံးရှုံးလိုက်ရသော သူတို့ရဲ့ လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ပြန်လည် မျှော်လင့်ရနိုင်သော နွေဦးတော်လှန်ရေးအတွက် ချင်းတမျိုးသားလုံးဟာ ကြံ့ကြံ့ခံထားဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀တွေ၊မျှော်လင့်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ တစိတ်တပိုင်းကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။

Links

Chapters

Video

More from YouTube